Education Department
Learning Management System
ကယန်းအမျိုးသားတက္ကသိုလ်
ပညာရေးဌာန
ကယန်းအမျိုးသားတက္ကသိုလ်တွင် ပညာရေးဌာန ပါ၀င်ဖွဲ့စည်းထားပါသည်။ ဤပညာရေးဌာနသည် ကယန်းလူမျိုး များ နေထိုင်ရာဒေသအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများကို လုပ်ငန်းခွင် အရည်အသွေးမြှင့် တင်ရေးနှင့် ဆရာအတတ်ပညာကို အသက်မွေး၀မ်းကျောင်းအဖြစ် ရွေးချယ်သူလူငယ်များအား ပညာရေးဒီပလိုမာ နှင့် ပညာရေးဘွဲ့များရရှိအောင် သင်ကြားပေးမည့်ဌာနဖြစ်ပါသည်။ ပထမနှစ်တွင် အောက်ပါသင်တန်း အမျိုးအစား (၃) မျိုး စတင်ဖွင့်လှစ်ပါမည်။
(၁) လုပ်ငန်းခွင်ပညာရေးဒီပလိုမာသင်တန်း
(၂) ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း
(၃) ဘွဲ့ကြိုပညာရေးဒီပလိုမာသင်တန်း
၁။ လုပ်ငန်းခွင်ပညာရေးဒီပလိုမာသင်တန်း
ဤသင်တန်းသည် ကယန်းလူမျိုးများနေထိုင်ရာဒေသအတွင်းရှိ အခြေခံပညာကျောင်းများတွင်တာ၀န်ထမ်းဆောင် နေကြသည့် မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ဆရာ၊ ဆရာများအတွက် ရည်ရွယ်ပါသည်။ ဆရာ၊ ဆရာမများ၏ လိုအပ်ချက်အပေါ်မူတည်၍ ပညာရပ်ဆိုင်ရာသင်တန်းများကို တက္ကသိုလ်တွင် ကျောင်းအားလပ် ရက်များ၌ တက်ရောက်ရပါမည်။ အခြေခံပညာမပြီးမှီ ဆရာ၊ ဆရာမတာ၀န်ထမ်းဆောင်နေသူများသည် အခြေခံ ပညာဘာသာရပ်များကိုလည်း သင်ယူရပါမည်။ သင်ယူပြီးမြောက်သည့် ဘာသာရပ်များအတွက် သင်ကြား/သင်ယူ ကာလမှတ်တမ်း (Credit Hours) ထားရှိပြီး 30 Credit Hours ပြည့်ပါက ကယန်းအမျိုးသားတက္ကသိုလ် ပညာရေး ဌာနက ပညာရေးဒီပလိုမာ အပ်နှင်းပါမည်။ ကယန်းအမျိုးသားကျောင်းများတွင် သင်ကြားနေသည့် ဆရာ၊ ဆရာမ များ လျှောက်ထားနိုင်ပါသည်။ သင်တန်းသား ၆၀ လက်ခံသင်ကြားပါမည်။
၂။ ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း
မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သဘာ၀သိပ္ပံ၊ လူမှုသိပ္ပံ ဘာသာရပ်တခုခုတွင် ဘွဲ့ရရှိထားပြီး အထက်တန်းပြ ဆရာ၊ ဆရာမများအဖြစ် တာ၀န်ထမ်းဆောင်လိုသူများ လျှောက်ထားနိုင်ပါသည်။ ဘွဲ့လွန်ပညာရေးဒီပလိုမာ သင်တန်း သည် တနှစ်ကြာမြင့်မည်ဖြစ်ပြီး အောက်ပါဘာသာရပ်များကို တက္ကသိုလ်တွင်အချိန်ပြည့် လေ့လာသင်ယူရပါမည်။
(၁) ပညာရေးသဘောတရား၊ မူ၀ါဒနှင့် သင်ရိုးညွှန်းတမ်း
(၂) ပညာရေးစိတ်ပညာနှင့် သင်ယူမှုဖွံ့ဖြိုးရေး
(၃) သင်ကြားရေးအတတ်ပညာ (Pedagogy)
(၄) ဘာသာရပ်ကျွမ်းကျင်မှု (ဘာသာစကား၊ သင်္ချာ၊ သဘာ၀သိပ္ပံ၊ လူမှုသိပ္ပံ ဘာသာရပ်လေးမျိုး အနက်
နှစ်သက်ရာဘာသာရပ်တခုကို ရွေးချယ်သင်ယူရပါမည်။)
(၅) စာသင်ခန်းလက်တွေ့သင်ကြားခြင်း (Practicum)
(၆) ပညာရေးသုတေသန
(၇) အားကစား၊ အနုပညာနှင့် ယဥ်ကျေးမှု
(၈) အင်္ဂလိပ်စာကျွမ်းကျင်မှု
(၉) ကွန်ပြူတာနှင့် ဆက်သွယ်ရေးနည်းပညာ (ICT)
ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်းတက်ရောက်သူများသည် အထက်ပါဘာသာရပ်များကို ပညာသင်ယူကာလ (Semester) နှစ်ခုလေ့လာသင်ယူရပါမည်။ ပညာသင်ယူကာလ (Semester) တခုလျှင် သင်ကြား/သင်ယူသည့် အချိန်ကာလ ၅ လအတွင်း နာရီ ၃၀၀ ကြာမြင့်ပါမည်။ ပညာသင်ယူကာလ (Semester) နှစ်ခုအတွက် နာရီ ၆၀၀ ကြာမြင့်ပါမည်။ ဘာသာရပ်အားလုံးအတွက် သင်ကြား/သင်ယူ အချိန်ကာလသတ်မှတ်ချက် (30 Credit Hours) ပြည့်မှီသူများကို ဘွဲ့လွန်ပညာရေးဒီပလိုမာအပ်နှင်းပါမည်။ သင်တန်းသား ၂၀ လက်ခံသင်ကြားပါမည်။ ဘွဲ့လွန် ပညာရေးဒီပလိုမာသင်တန်းတက်ရောက်ရန် လိုအပ်သောအရည်အချင်း သတ်မှတ်ချက်များမှာ -
(၁) ဆရာ၊ ဆရာမအလုပ်ကို မြတ်နိုးတန်ဖိုးထားသူ
(၂) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သဘာ၀သိပ္ပံ၊ လူမှုသိပ္ပံ ဘာသာရပ်တခုခုဖြင့် ဘွဲ့ရပြီးသူ
(၃) ကယန်းအမျိုးသားကျောင်းများတွင် အထက်တန်းပြဆရာအဖြစ်လုပ်ကိုင်လိုသူ
၃။ ဘွဲ့ကြိုပညာရေးဒီပလိုမာနှင့် ပညာရေးဘွဲ့ သင်တန်း
အခြေခံပညာပြီးဆုံးအောင်မြင်ထားသူများ၊ တက္ကသိုလ်/ကောလိပ်မှ ဘွဲ့မရမှီ ရပ်နားထားသူများ လျှောက်ထားနိုင် ပါသည်။ ပညာရေးတက္ကသိုလ်နှင့်ကောလိပ်မပြီးမှီရပ်နားထားသူများ လျှောက်ထားလာပါက သင်ယူပြီးသောဘာ သာရပ်များအတွက် Credit သတ်မှတ်ပေးပြီး လိုအပ်သောဘာသာရပ်များကို ဆက်လက်သင်ယူရပါမည်။ ဘွဲ့ကြို ပညာရေးဒီပလိုမာအတွက် အချိန်ကာလ တနှစ် ကြာမည်ဖြစ်ပြီး၊ BEd ဘွဲ့ ရသည်အထိ လေးနှစ် ကြာမြင့်ပါမည်။ ဘွဲ့ကြို ဒီပလိုမာသင်တန်းတွင် အောက်ပါဘာသာရပ်များကို အချိန်ပြည့် လေ့လာသင်ယူရပါမည်။
(၁) ပညာရေးသဘောတရား၊ မူ၀ါဒနှင့် သင်ရိုးညွှန်းတမ်း
(၂) ပညာရေးစိတ်ပညာနှင့် သင်ယူမှုဖွံ့ဖြိုးရေး
(၃) သင်ကြားရေးအတတ်ပညာ (Pedagogy)
(၄) ဘာသာရပ်ကျွမ်းကျင်မှု (ဘာသာစကား၊ သင်္ချာ၊ သဘာ၀သိပ္ပံ၊ လူမှုသိပ္ပံ)
(၅) စာသင်ခန်းလက်တွေ့သင်ကြားခြင်း (Practicum)
(၆) ပညာရေးသုတေသန
(၇) အားကစား၊ အနုပညာနှင့် ယဥ်ကျေးမှု
(၈) အင်္ဂလိပ်စာကျွမ်းကျင်မှု
(၉) ကွန်ပြူတာနှင့် ဆက်သွယ်ရေးနည်းပညာ (ICT)
ဘွဲ့ကြိုပညာရေးဒီပလိုမာသင်တန်းတက်ရောက်သူများသည် အထက်ပါဘာသာရပ်များကို ပညာသင်ယူကာလ (Semester) နှစ်ခုလေ့လာသင်ယူရပါမည်။ ပညာသင်ယူကာလ (Semester) တခုလျှင် သင်ကြား/သင်ယူသည့် အချိန်ကာလ ၅ လအတွင်း နာရီ ၃၀၀ ကြာမြင့်ပါမည်။ ပညာသင်ယူကာလ (Semester) နှစ်ခုအတွက် နာရီ ၆၀၀ ကြာမြင့်ပါမည်။ ဘာသာရပ်အားလုံးအတွက် သင်ကြား/သင်ယူ အချိန်ကာလသတ်မှတ်ချက် (30 Credit Hours) ပြည့်မှီသူများကို ဘွဲ့ကြိုပညာရေးဒီပလိုမာအပ်နှင်းပါမည်။ သင်တန်းသား ၄၀ လက်ခံသင်ကြားပါမည်။ ဘွဲ့ကြို ပညာရေးဒီပလိုမာသင်တန်းတက်ရောက်ရန် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ -
(၁) ဆရာ၊ ဆရာမအလုပ်ကို မြတ်နိုးတန်ဖိုးထားသူ
(၂) အခြေခံပညာသင်ယူပြီးမြောက်အောင်မြင်သူ
(၃) တက္ကသိုလ်/ကောလိပ်မှ ဘွဲ့မရမှီ ရပ်နားထားသူ
(၄) ကယန်းအမျိုးသားကျောင်းများတွင်တာ၀န်ထမ်းဆောင်လိုသူ
ဘွဲ့ကြိုပညာရေးဒီပလိုမာရရှိပြီးပါက ဒုတိယနှစ်တွင် ကယန်းအမျိုးသားကျောင်းများ၌ သင်ကြားရေး တာ၀န်ကို စာသင်နှစ် တနှစ် ထမ်းဆောင်ရပါမည်။ သင်ကြားရေးတာ၀န်ထမ်းဆောင်နေသည့်ကာလတွင် ကယန်းအမျိုးသား တက္ကသိုလ် ပညာရေးဌာနက ပို့ချသည့် အချိန်ပိုင်းသင်တန်းများကို တက်ရောက်ရမည်ဖြစ်ပြီး ဆောင်ရွက်ရမည့် တာ၀န် (Assignment) များကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ရပါမည်။ ဤအချိန်ကာလ တနှစ်ကို သင်ကြား/သင်ယူ အချိန်ကာလသတ်မှတ်ချက် (30 Credit Hours) သတ်မှတ်ပါသည်။
တတိယနှစ်တွင် တက္ကသိုလ် ပညာရေးဌာနသို့ ပြန်လည်တက်ရောက်၍ ပညာရေးဆိုင်ရာ အဆင့်မြင့်ဘာသာရပ် များကို လေ့လာသင်ယူရပါမည်။ ပညာသင်ယူကာလ (Semester) နှစ်ခုတက်ရောက်ရမည်ဖြစ်ပြီး သင်ကြား/ သင်ယူ အချိန်ကာလသတ်မှတ်ချက် (30 Credit Hours) ရရှိပါမည်။ ဤတတိယနှစ်တွင် သင်တန်းသားများသည် BEd (Primary) ဘာသာရပ်များနှင့် BEd (Secondary) ဘာသာရပ်များအနက် နှစ်သက်ရာ ဘာသာရပ်ကို ရွေး ချယ်သင်ယူနိုင်ပါသည်။
စတုတ္ထနှစ်တွင် ပညာရေးဆိုင်ရာသုတေသနပြုလုပ်၍ ဘွဲ့ယူစာတမ်း ရေးသားတင်သွင်းရပါမည်။ သုတေသနနှင့် ဘွဲ့ယူစာတမ်းအတွက် သင်ကြား/သင်ယူ အချိန်ကာလသတ်မှတ်ချက် (30 Credit Hours) ရရှိပါမည်။ လေးနှစ် တာကာလအတွင်း စုစုပေါင်း 120 Credit Hours ပြည့်မှီသူများကို BEd (Primary) နှင့် BEd (Secondary) ဘွဲ့များ အပ်နှင်းပါမည်။