၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကယန်းအမျိုးသားကွန်ပျူတာတက္ကသိုလ် (စိန်မိုက်ကယ်မြို့သစ်) တွင် ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့ အတန်းများအတွက် (တတိယအကြိမ်) ဝင်ခွင့်ကို အောက်ပါ အရည်အချင်း သတ်မှတ်ချက် ရှိသူများ လျှောက်ထားနိုင်ပါသည်။
၁။ လျှောက်ထားသူသည် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
၂။ ကယန်းအမျိုးသားပညာရေး (၂၀၂၂-၂၀၂၃) ပညာသင်နှစ် (Grade 11) ပြီးမြောက်ထားသူများနှင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် နောက်ပိုင်း (Grade 12) ပြီးမြောက်ထားသူများ။
၃။ ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ် မတိုင်မီ တက္ကသိုလ်ဝင်တန်းကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ထားသူများ။
၄။ တိုင်းရင်းသားဒေသ ပညာရေး အစီအစဉ်ဖြင့် လည်းကောင်း၊ BECA စာမေးပွဲဖြင့် လည်းကောင်း သိပ္ပံဘာသာတွဲဖြင့် အခြေခံပညာ ပြီးမြောက်ထားသူများ။
၅။ နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသူများ e.g.(K12/GED/IGCSE/SAT/ACT/....)
သင်ကြားရေးကာလသည် (၄) နှစ်ဖြစ်ပြီး ပေးအပ်မည့် ဘွဲ့များမှာ B.C.Sc နှင့် B.C.Tech ဘွဲ့များ ဖြစ်သည်။
(လျှောက်ထားသူများသည် ဘွဲ့ရရှိသည်အထိ ပြီးမြောက်စွာ တက်ရောက်နိုင်သူများ ဖြစ်ရမည်။)
မှတ်ချက် -
လျှောက်လွှာ လက်ခံသည့် ကာလသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ အထိ ဖြစ်သည်။
လျှောက်လွှာ ပဏာမ ရွေးချယ်ခံရပါက မူရင်း အထောက်အထားများ တင်ပြပြီး လူတွေ့စစ်ဆေးမှုနှင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ရမည်။
🔗 တက္ကသိုလ် သင်ကြားရေးနှင့် ဘာသာရပ်ဆိုင်ရာများကို ပိုမိုသိရှိလိုပါက ဤနေရာတွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။
🔗 အောက်ပါ Form တွင် ပါရှိသော မေးခွန်းများနှင့် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ သိလိုသည်များ/မရှင်းလင်းသည်များကို မေးမြန်းလိုပါက
ဤနေရာတွင် ဆက်သွယ် မေးမြန်းနိုင်ပါသည်။