ကယန်းအမျိုးသားတက္ကသိုလ် ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုခြင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများ ကျင်းပပြုလုပ်
ကယန်းအမျိုးသားတက္ကသိုလ် ပညာရေးဒီပလိုမာတန်းနှင့် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာဘွဲ့ အတန်းများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး သန်းစိုးနိုင်၊ Thinking classroom foundation မှ Dr. Thein Lwin ၊ Ms. Hawng Tsai တို့နှင့် ကယန်းအမျိုးသားပညာရေးကော်မတီ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့တွင် ကယန်းအမျိုးသားတက္ကသိုလ်၊ ပညာရေးဌာန ပညာရေးဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းနားကိုကျင်းပပြုလုပ်ခဲ့ပြီး ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး သန်းစိုးနိုင်က ခေတ်အဆက်ဆက် ကယန်းဒေကယန်းဒေသ ပညာရေးအခြေအနေများနှင့် လက်ရှိဖော်ဆောင်တဲ့ အဆင့်မြှင့်ပညာရေးအခြေအနေများကို ဆက်လက်ဆောင်ရွက်သွားရန် အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် Thinking classroom foundation မှ Dr. Thein Lwin ၊ Ms. Hawng Tsai တိုက ပညာရေးဆိုင်ရာ ဘာသာရပ်များနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ပညာရေးစနစ်ကို ဖော်ဆောင်ရန် စတဲ့ ပညာရေးအမှာစကားများဖြင့် အားပေးခဲ့ကြပြီး ကယန်းအမျိုးသားပညာရေးကော်မတီ ဒါရိုက်တာဦးခင်မောင်ထွန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ ကယန်းအမျိုးသားတက္ကသိုလ်၊ ပညာရေးဌာန ပညာရေးဒီပလိုမာသင်တန်း သင်ကြားရေးများ စတင်ခဲ့ပြီး Dr. Thein Lwin နှင့် Ms. Hawng Tsai တိုက လိုအပ်တဲ့ သင်ကြားရေးနည်းစနစ်များကို (၃)ရက်ကြာ လက်တွေ့ သင်ကြားပေးခဲ့သည်။ ကယန်းအမျိုးသားတက္ကသိုလ်၊ ပညာရေးဌာန မှ ပညာရေးဒီပလိုမာသင်တန်းကနေ B.ed ဘွဲ့ ရသည်အထိ ဖော်ဆောင်သွားမည်ဖြစ်သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ကယန်းအမျိုးသားကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာဘွဲ့ အတန်း တက်ရောက်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုခြင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ကယန်းအမျိုးသားကွန်ပျူတာတက္ကသိုလ်(စိန်မိုက်ကယ်မြို့သစ်)တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး သန်းစိုးနိုင်က ခေတ်ရေစီးကြောင်းနှင့် ပညာရေးအခြေနေများဆိုင်ရာ လမ်းညွှန်အမှာစကား ပြောကြားကာ Dr.Thein Lwin ၊ Ms. Hawng Tsai တို့က နည်းပညာဆိုင်ရာ ဘာသာရပ်များ၊ နည်းပညာဆိုင်ရာပြောင်းလဲ တိုးတက်မှု စသောအခြေအနေများကို အားပေးအမှာစကားပြောကြားခဲ့ပြီး ကယန်းအမျိုးသားပညာရေးကော်မတီ နာယကကြီး ဆရာဂေဂေါ်ရီက ကျေးဇူးတင်စကားပြောကြားခဲ့ကာ ကယန်းအမျိုးသားတက္ကသိုလ် ဌာနအလိုက် သင်ကြားရေး အစီစဥ်များကို အောင်မြင်စွာဖွင့်လှစ်ခဲ့သည်။
Dr. Thein Lwin ၊ Ms. Hawng Tsai တို့နှင့် ကယန်းအမျိုးသားပညာရေးကော်မတီ တာဝန်ရှိသူများ၏ ကယန်းဒေသ ပညာရေးခရီးစဥ်လမ်းတလျှောက်တွင် ဒေသခံ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရွာသူရွာသားများမှ လှိုက်လှိုက်လဲလဲကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ကယန်းအမျိုးသားတက္ကသိုလ်နှင့် ကယန်းအမျိုးသားပညာရေး အစီစဥ်များဖြစ်မြောက်နိုင်ရန်အတွက် အဘက်ဘက်မှပါဝင်ပေးခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
ကယန်းအမျိုးသားတက္ကသိုလ်
ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်။ (၆.၈.၂၀၂၄)
ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ဖော်ဆောင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ကနေမှ အဆင့်မြှင့်ပညာရေးအထိ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ ၆.၈.၂၀၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲမှာ ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ရဲ့ နာယကကြီးမှ အဖွင့်အမှာစကား၊ Thinking Classroom Foundation ဒေါက်တာ သိန်းလွင်မှ အမှာစကားပြောကြားခဲ့ကြပြီး ဘာသာရေးအသင်းအဖွဲ့များမှရဟန်းအကြီးအကဲများ၊ ကယန်းပြည်သစ်ပါတီမှ ခေါင်းဆောင်များ၊ ကယန်းအမျိုးသားပညာရေးကော်မတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ တတ်သိပညာရှင်များပါဝင်တက်ရောက်ခဲ့ပါတယ်။
၎င်း အခမ်းအနားမှာ ကယန်းအမျိုးသားပညာရေးကော်မတီ KNEC နှင့် ကယန်းအမျိုးသားကျန်းမာရေးကော်မတီ KNHC တို့မှ ဦးစီးဖွင့်လှစ်ခဲ့တဲ့ အမှတ်စဥ် ၁/၂၀၂၃ အကူသူနာပြုသင်တန်းအား ဒီအခမ်းအနားမှာ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
"KNEC ကနေ ကယန်းဒေသအတွက် တက္ကသိုလ်တစ်ခု ဖွင်လှစ်ပေးနိုင်ခဲ့"
ကယန်းအမျိုးသားပညာရေးကော်မတီ KNECရဲ့ လူထုအခြေပြုအခြေခံပညာအထက်တန်းကျောင်း Grade-10/11 ဆုပေးပွဲနှင့် အဆင့်မြှင့်ပညာ K-12 (CYLD) program Certificate ချီးမြှင်ပွဲအခမ်းအနားကျင်းပပြုလုပ်။
KNECရဲ့ လူထုအခြေပြု အခြေခံပညာအထက်တန်းကျောင်း တက်ရောက်ပညာသင်ယူနေတဲ့ Grade-10/11 ကျောင်းသား/သူများ တို့က ဆုပေးပွဲအခမ်းအနားတစ်ရပ်နှင့် K-12(CYLD) ကျောင်းမှာ တက်ရောက်ပညာသင်ယူကြတဲ့ကျောင်းသားတွေကို certificate ချီးမြှင့်ခြင်း အခမ်းအနားတစ်ရပ်ကို ဒီကနေ့ ၃.၅.၂၀၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
K-12(CYLD)အဆင့်မြှင့်ပညာကျောင်းမှာတက်ရောက်ပညာသင်ယူနေတဲ့ ကျောင်းသား/သူ(၂၅)ဦးထဲမှာ (၁၉)ဦးက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၏သတ်မှတ်တဲ့ပညာရေးနယ်ပယ်မှာ ဝင်ခွင့်ဖြေဆိုအောင်မြင်တဲ့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်က အသိအမှတ်ပြုတဲ့ Certificate ကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
Certificate ပေးအပ်ခြင်းအခမ်းအနားမှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌကြီး အပါအဝင် ဗဟိုကော်မတီဝင်များ၊ကယန်းအမျိုးသားပညာရေးကော်မတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာပညာရေးဌာနမှတတ်သိပညာရှင်များ၊ အမျိုးသားစာပေဆုရ ဆရာမတစ်ဦး၊နိုင်ငံကျော်တေးသံရှင်တစ်ဦးတို့က ပါဝင်တက်ရောက်အားပေးစကားပြောကြပါတယ်။
၃.၅.၂၀၂၄
ကယန်းဒေသမှာ အာမခံချက်ရှိတဲ့ပညာရေးစနစ်တစ်ခု ပေါ်ပေါက်လာဖို့ ကြိုးစားနေတဲ့ (KNEC)
မေလ ၂၃၊ ၂၀၂၂ ခုနှစ်။
ကျောင်းနေအရွယ်ကလေးတွေ စာနဲ့အလှမ်းဝေးနေတာ နှစ်နှစ်ကျော်သွားပြီဖြစ်သလို ကယန်းဒေသဟာ ခေတ်အဆက်ဆက် ပညာရေးနဲ့ပတ်သက်ပြီးတော့ လက်လှမ်းမှီဖို့ခက်ခဲနေခဲ့ပါတယ်။